Wednesday, 7 August 2013

Samsung Galaxy s3 style Custom Rom for GT-S5830i (Custom Rom တင်နည်း)

Samsung Galaxy S3 style နဲ့ လန်းချင်သူများ အတွက် Android 2.3.6 version Samsung Galaxy GT-S5830i အတွက် Custom Rom တင်နည်း အသေးစိတ်ဖြစ်ပါတယ်။ လန်းချင်သူများ အောက်မှာ ပေးထားတဲ့ links တွေကို ပထမဦးဆုံး ဒေါင်းရပါမယ်ခင်ဗျာ။

(1) Rom zip click here         
(2) CWM zip click here  
(3) flash player zip click here  
(4) app_talk zip  click here             

(4) လင့်ကိုတော့ လိုရမယ်ရထည့်ပေးလိုက်တာပါ။ အကယ်လို့များ rom တင်ပြီးမှ gtalk ပါမလာလျှင် CWM ကနေ ဝင်ပြီး ထည့်သွင်းနိုင်အောင်မို့ပါ။ ကဲ...စလိုက်ကြရအောင်ပါ.....အထက်မှာ ပေးထားတဲ့ လင့် တွေကို ဒေါင်းပြီးပြီဆိုရင် ဖုန်းကို  ကွန်ပြူတာနဲ့ ချိတ်ရန်အတွက် setting>>Unknown Source ကိုအမှန်ခြစ်ပေးပါ။ ထိုမှတစ်ဆင့် အောက်နားက applications>>Development>>USB debugging မှာလည်း အမှန်ချစ်ပေးပါ။ ပြီးလျှင် ဖုန်းနဲ့ကွန်ပြူတာကို ချိတ်ဆက်လိုက်ပါတော့။

ချိတ်မိသွားပြီဆိုလျှင်  Gt-s5830i ရဲ့ External SD Card ထဲကို စောစောကဒေါင်းထားတဲ့ zip ဖိုင်များကို copy ကူးထည့်ပါ။ အမှန်တော့ SD Card ကို ဖြူတ်ပြီး card reader နဲ့ ကူးထည်းရင်လည်းရပါတယ်။ ဒါပေမယ့် ဖုန်းနဲ့ ကွန်ပြူတာ ချိတ်ဆက်တတ်ရန်အတွက် setting ကနေ အဆင့်ဆင့် ချိတ်ဆက်ပုံကို ညွန်းရခြင်းဖြစ်ပါတယ်။ ဒါကလည်း ဒီနည်းအတူ အခြားသော android phone တွေကို လည်း ကွန်ပြူတာနဲ့ ချိတ်ဆက်တဲ့အခါ လုပ်ဆောင်ရမည့် အနေအထားလေးတွေကို သိစေလိုလို့လည်းဖြစ်ပါတယ်။

copy ကူးထည့်ပြီးပြီဆိုရင် ဖုန်းကို ကွန်ပြူတာက ဖြုတ်လိုက်ပါ။ ပြီးရင် power off(ပါဝါပိတ်ပါ)။ခဏနေရင်  CWM သွင်းဖို့အတွက် ဖုန်းရဲ့ Home key+Volume up+power button တို့ကို တစ်ပြိုင်နက် ဖိနှိပ်ထားလိုက်ပါ။ Recovery mode option ကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာမှ apply update from sd card ကို volume down key နဲ့ ရွေးပေးပါ။ ပြီးရင် ClockworkRec.zip ကို ရွေးပေးပြီး install လုပ်ပါ။ 

ပြီးရင် wipe data / reset  ကိုရွေးပေးပြီး yes လုပ်ပါ။ နောက်ထပ် volume key နဲ့ “advanced>Wipe Dalvik Cache>yes လုပ်ပါ။ နောက်တစ်ခါ Return to  main menu ပေါ့။  main menu ကိုပြန်သွားပြီး 
“mounts and storage> format /system> yes” လုပ်လိုက်ပါ။ ပြီးရင် mount /system  ကို ရွေးနှိပ်လိုက်ရုံပါ။ unmount လုပ်လိုက်ခြင်းပါပဲ။ အဲဒီကမှ နောက်ကို(main menu )ကို ပြန်သွားပြီး

အဆင့်ဆင့်  “install zip from sd” >> “choose zip from sd card”>>MindCr_Rom_v2.4_1.zip ဖိုင်ကို ရွေးပေးလိုက်ပါ။ စတင်၍ Rom ကို install လုပ်နေပါပြီ။ complete ဖြစ်သည်အထိစောင့်ပါ။ အားလုံးပြီး သွားပြီးဆိုလျှင် Reboot System Now ကို ရွေးပေးပြီး Reboot ချလိုက်ပါ။ တစ်ခါတရံ Rom တက်တာ ကြာတတ်ပါသည်။ ဒါကြောင့် အားလုံး ပြီးသည်အထိ စိတ်ရှည်ရှည်ထားပြီး စောင့်နေပေးပါ။ 

ခဏလောက်အကြာမှာတော့ Rom အသစ်လေးနဲ့ လန်းနိုင်ပါပြီး ခင်ဗျာ။ အဲဒီအထဲမှာ Flash player နဲ့ Gtalk အတွက် ဖိုင်နှစ်ဖိုင်းကျန်းပါသေးတယ်။ phone screen ပေါ်မှာ ရှာကြည့်ပါ။ Gtalk ရှိနေရင် ထည့်စရာမလိုပါဘူး။ flash player ပဲ ထည့်ရမှာပါ။ ထည့်တော့မယ်ဆိုရင် စောစောက လိုပါပဲ။

ဖုန်းပါဝါကို ပိတ်ပြီး Volume up +home+power တစ်ပြိုင်တည်း နှိပ်ပြီး Recovery mode ဝင်ပါ။ ClockworkRec.zip ကိုရွေးပေးပါ။ ပြီးရင် install zip from sd>>choose zip from sd>>AFP11-CWM ကို ရွေးပေးပြီး သွင်းလိုက်ပါ။ ပြီးရင် Reboot System Now ပေါ့ ။ အဲဒါဆိုရင် flash player သွင်းပြီးပါပြီး။
အားလုံး s3 style လေးနဲ့ လန်းနိုင်ကြပါစေဗျာ...။

မှတ်ချက်။       ။ မိမိဖုန်း မိမိတာဝန်သာ ဖြစ်ပါသည်။ တစ်ခုခုဖြစ်ခဲ့သော် ကျွန်ုပ်နှင့်လုံးဝမသက်ဆိုင်ပါ။

No comments:

Post a Comment