မိမိတို့ ဝဘ်ဆိုက် (သို့) အခြားမိမိတို့ကြည့်ချင်ဖတ်ချင်သော ဝဘ်ဆိုက်တွေကို ဖုန်းထဲကနေ အလွယ်တကူကြည့်ချင်သူများ ကိုယ်အနှစ်သက်ဆုံး ဘလော့ဝဘ်ဆိုက်တစ်ခုခုက စာတွေ နည်းပညာစတာတွေကို ဘယ်နေရာရောက်ရောက် အလွယ်တကူ ကြည့်နိုင်ဖတ်နိုင်ဖို့ ကိုယ်ပိုင် Android application Apk လေးဖန်တီးကြရအောင်ပါ။
ဘာမှမခက်ခဲပါဘူး။ လုပ်ကြည့်ရင် လွယ်လွယ်လေးပါပဲ။ ဘာကုဒ်မှမလိုပါဘူး။ register လုပ်ဖို့ အကောင့်တစ်ခုသာ လိုပါတယ်။ www.appyet.com မှာ အကောင့်သွားလုပ်ရမှာပါ။
အကောင့်မလုပ်ခင် ကိုယ်ဖန်တီးမည့် ဝဘ်ဆိုက်ရဲ့ RSS FEED လိပ်စာကို အရင် copy ကူးယူထားရပါမယ်။ အောက်က ပုံတွေအတိုင်း လိုက်လုပ်ပါ...
အထက်က RSS Feeds links ကို Notepad ထဲဖြစ်ဖြစ် copy ကူးယူထားပြီးလျှင် applicationဖန်တီးဖို့အတွက် account လုပ်ပုံ ဖန်တီးပုံတို့ကို အောက်မှာ ပြထားတဲ့ ပုံတွေ အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားလျှင် APK တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ပါလိမ့်မယ်။ အဆင်ပြေကြပါစေဗျာ...။
အခုဖန်တီးပြလိုက်တဲ့ APK လေးကို ဒီမှာ ဒေါင်းယူပါ။
google play မှာဘယ်လိုပြန်တင်ရလဲခင်ဗျဖန်တီးထားတဲ့ဖိုင်ကို
ReplyDelete