Tuesday, 13 August 2013

How to Root and Unroot Samsung Galaxy Y ( S5360)

Samsung Galaxy Y ကို Root ကြတော့မယ်ဆိုရင် အရင်ဆုံး မိမိကွန်ပြူတာမှာ ဖုန်းနှင့်ကွန်ပြူတာ ချိတ်ဆက်နိုင်ရန်အတွက် Driver တော့ မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒီအတွက် Samsung Kies ကို စက်ထဲမှာ install လုပ်ပေးထားရင် အဆင်ပြေနိုင်ပါတယ်။ kies ဟာ support ဖြစ်တဲ့ဖုန်းတွေကို firmware မြင့်ပေးနိုင်ရုံတင်မက Driver ကိုလည်း ရှာပြီး insatll လုပ်ပေးနိုင်ပါတယ်။ 
 ဒါကြောင့် kies ကို ဒီမှာ ဒေါင်းပါ။ စက်က Driver သိပြီးသားဆိုရင်တော့ မလိုဘူးပေါ့ဗျာ။ 

အဲဒါတွေပြီးသွားရင် ဖုန်းကို Root ဖောက်ရန်အတွက် Root zip ဖိုင်နှင့် CWM zip ကိုဒေါင်းပါ။ အောက်မှာ နေရာလေးနေရာကနေ လင့်ကိုတင်ပေးထားပါတယ်။ အဆင်ပြေတဲ့ လင့်ကနေ ဒေါင်းယူပါ။ 

Root zip  ဖိုင်းလင့်များ



 CWM zip ဖိုင်လင့်များ


ဒေါင်းပြီးသွားပြီဆိုရင် ဖုန်းရဲ့ External SDcard ထဲကို ကူးထည့်ဖို့ Setting ထဲမှ Unknown Source ကို (ON)အမှန်ခြစ်ပေးပါ။ ပြီးတော့ Development >>usb debugging ကိုလည်း (ON) အမှန်ခြစ်ပေးပါ။ ပြီးရင် ကွန်ပြူတာနဲ့ဖုန်းကိုချိတ်လိုက်ကာ ဖုန်းရဲ့ Notification ဘားကို ဆွဲချပြီး usb နဲ့ချိတ်ထားတဲ့ စက်ရုပ်ပုံလေးကိုနှိပ်ပြီး ကွန်ပြူတာမှာ Sdcard ပေါ်အောင်လုပ်ပါ။ အဲဒီလိုလုပ်ပြီးရင် စောစောက ဒေါင်းထားတဲ့ Root zip file & CWM zip files တွေကို External SDcard ထဲကူးထည့်ပြီး။ ဖုန်းကို ဖြုတ်လိုက်လို့ရပါပြီ။

Root မယ့်အပိုင်းကို စပါတော့မယ်။ ဒါကြောင့် ဖုန်းပါဝါကို ပိတ်လိုက်ပါ။ အဲဒီကမှတစ်ဆင့်  ဖုန်းရဲ့ Vol Up + Power Key + Home button တို့ကို ပြိုင်တူနှိပ်ပြီး recovery mode ဝင်လိုက်ပါ။ အဲဒီမှာ Touch screen နဲ့ အလုပ်လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် Vol up & Vol down ကီးတွေနဲ့ပဲ အထက်အောက် ရွေ့လျား အသုံးပြုရမှာပါ။ သိပြီးသားဖြစ်ကြပါလိမ့်မယ်။ မရင်းနှီးသေးသူများအတွက်ရော အခုလို အသေးစိတ် ပြောပြနေရခြင်းဖြစ်ပါတယ်။ 

Recovery mode ရောက်သွားပြီဆိုရင်........


အဲဒီလိုတွေ့ရမှာပါ။ အဲဒီမှာမှ CWM zip ကို အရင်သွင်းဖို့ Vol down key နဲ့ ဒုတိယမြောက် update from Sdcard ကို ရွေးပြီး home button ကိုနှိပ်လိုက်ပါ။ ပြီးရင် CWM zip ကိုရွေးပေးလိုက်ပြီး home key ကိုပဲနှိပ်လိုက်ပြီးစောင့်နေလိုက်ပါ။ CWM သွင်းပြီး ဖြစ်သွားပါမည်။ နောက်တစ်ဆင့် apply update from sdcard>>choose zip from sdcard>>Root galaxy y zip ကို ရွေးပေးပြီး home key ကို နှိပ်လိုက်ကာ အင်စတောပြီးသည်အထိ စောင့်နေလိုက်ပါ။

 ပြီးသွားပြီ ဆိုရင် Reboot system now ကို ရွေးပေးပြီး Reboot လုပ်လိုက်ပါ။ အချိန် ၅မိနစ်ခန့် သို့မဟုတ် ထို့ထက်လည်း မြန်နိုင်ပါသည်။ ဖုန်း boot တက်လာသည်အထိ စောင့်နေပေးပါ။ တက်လာပြီဆိုရင် သင့်ဖုန်းဟာ super user လေးနဲ့ Root လုပ်ပြီးသားဖြစ်နေပါလိမ့်မယ်။

Superuser and open it.>>>Goto Menu > Preferences > SU Binaries>>> SU Binaries will update.   When it get updated, restart your phone.
You’re done! Your phone is now rooted. :D



How To Unroot Samsung Galaxy Y

download below links :)

unroot zip files များ

 zippyshare   Mediafire  4shared  Solidfiles  


အထက်က zip ဖိုင်တွေကို ဒေါင်းပြီး Ext sdcard ထဲကို ကူးထည့်ပါ။ ပြီးရင် ဖုန်းကို ပိတ်ပြီး Vol up +home+power ပြိုင်တူနှိပ်ပြီး recovery mode ကို ဝင်လိုက်ပါအဲဒီမှာ မှ Select "Choose zip from sdcard" >> Unroot.zip >> After installation complete Reboot System Now. အဲဒါဆိုရပါပြီခင်ဗျာ။  
အခုပို့စ်ထဲမှာ ချို့ယွင်းချက် ကွဲလွဲချက် တစ်စုံ တစ်ခုရှိခဲ့သော် နားလည် ခွင့်လွတ်စေချင်ပါသည်။ 
အားလုံး နည်းပညာအသိ တို့ တိုးပွား၍ ငွေကုန်ကျေးကျ များခြင်းမှ လွန်မြောက်နိုင်ကြပါစေဗျား....

Monday, 12 August 2013

အသစ်ထွက် android apk များ


Download from Mediafire


အရမ်းမိုက်ပါတယ်။ ဓာတ်ပုံလေးတွေနဲ့ စကားပြောချင်သူများအတွက် ပျော်စရာလေးတွေပေါ့။ 3D ဆိုတော့ ရုပ်ထွက်တော်တော်ကောင်းတဲ့ app လေးပါပဲ။ နှစ်သက်ရင် ဆွဲသွားကြဗျာ...။

C Locker Pro v2.3.5 Apk Full App



ဒါကတော့ C Locker Pro v2.3.5 Apk Full App လေးပါ။  သုံးကြည့်ရင် သိမှာပါ။ ပုံမှာမြင်ကြတဲ့ အတိုင်းပါပဲ။ ရေးမနေတော့ဘူးဗျာ။ သိမှမသိတာ :D

Download from Mediafire


Smart Tools v1.6 Apk Full App

 Download From Mediafire


Viber For PC ( Portable ) 29.33MB





 လာပါပြီဗျာ ကွန်ပြူတာအတွက် Portable viber လေးကို ဖန်းတီးကြည့်တာ အဆင်ပြေသွားလို့ စောင့်မျှော်နေသူများအတွက် တင်ပေးလိုက်ပါပြီ။ တကယ်တော့ ဒီလို portable ဆော့ဖ်ဝဲကို မဖန်တီးတတ်ခဲ့ပါဘူး။ ဒီနေ့မှ viber မြန်မာဖောင့်ရအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း google မှာ မွှေနှောက်နေမိရာက portable ဆော့ဝဲ ဘယ်လိုလုပ်ရမလဲ ဆိုပြီး ပို့တစ်ခုကို ဖတ်ကြည့်မိရာက ကဲမြန်မာစာမရရင်နေတော့ viber ကို portable ဖန်တီးကြည့်ရင် ရနိုင်မလားဆိုပြီး စာလည်းဖတ်ရင်း လက်တွေ့လည်း စမ်းသပ်ရင်းနဲ့ အခုလို portable လေးတစ်ခု ရလိုက်တာပါ။ No need to install ပါပဲ။ :P 

install လုပ်စရာမလိုပါဘူးဗျာ။ ဒေါင်းပြီးရင် ကြိုက်တဲ့နေရာယူသွား ကြိုက်တဲ့ ကွန်ပြူတာမှာဖွင့်သုံးပါ။လုံးဝ အဆင်ပြေပါတယ်။ ကလစ်နှစ်ချက်ပေးပြီး ခဏလောက်စောင့်နေလိုက်တာနဲ့ ပုံမှန်အတိုင်း တက်လာပါလိမ့်မယ်။
ကဲ....အောက်မှာ ဒေါင်းလိုက်ပါဗျာ

Sunday, 11 August 2013

My Public WiFi Software သုံးပြီး အင်တာနက် sharing လုပ်ကြမယ်။

Facebook မှာ တင်ပြီးသား ပို့စ်တွေကို ဘလော့မှာပြန်ပြီး တင်တာပါ။ Facebook မှာ ပို့စ်တင်ရတာ အဆင်မပြေတော့ပါဘူး။ account setting မှာ ဘာမှားထားလည်းမသိပါဘူး၊၊ တင်တိုင်း security code ပဲတောင်းတောင်းနေလို့။ ဖြည့်ပေးပြန်ရင်လည်း မရပါဘူး။ စာချည်းသက်သက်တင်ပြန်တော့ ရပြန်တယ်။ တစ်ခါတရံ code တောင်းတယ်။ အဲဒီတော့ စိတ်ညစ်မခံချင်တော့ဘူးဗျာ။ 

 ဘလော့မှာတင်ပြီး facebook မှာရှယ်တော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီးပြီ။ ဒီတော့ သူငယ်ချင်တွေကို တစ်ခုခုရှယ်ချင်တိုင်း ဘလော့ရေးဖြစ်သွားတာပေါ့။ မကောင်းဘူးလားဗျာ။ ကဲ...အောက်မှာ ပုံနှင့်တကွ My Public WiFi software လေး အသုံးပြုနည်းကို ရှင်းပြထားပါတယ်။ software လေးကို ဒေါင်းပြီး install လုပ်ပြီး ပုံလေးမှာ ညွန်ထားတဲ့ အတိုင်း အသုံးပြုရုံပါပဲဗျာ ဘာမှ မခက်ခဲပါဘူး။ freeware လေးဆိုတော့ စိတ်ချလက်ချ သုံးရုံပါပဲ။ PC to PC, PC to Phone အင်တာနက် Connection ကို Hotspot အနေနဲ့ ရှယ်လို့ရပါတယ်။ အောက်မှာ ကြည့်ပြီး ဒေါင်းလိုက်ပါ 1.09MB ပဲရှိပါတယ်။



 Click here to download


Saturday, 10 August 2013

ကိုယ်ပိုင် Android application (APK) တစ်ခု လွယ်လွယ်ဖန်တီးခြင်း

မိမိတို့ ဝဘ်ဆိုက် (သို့) အခြားမိမိတို့ကြည့်ချင်ဖတ်ချင်သော ဝဘ်ဆိုက်တွေကို ဖုန်းထဲကနေ အလွယ်တကူကြည့်ချင်သူများ ကိုယ်အနှစ်သက်ဆုံး ဘလော့ဝဘ်ဆိုက်တစ်ခုခုက စာတွေ နည်းပညာစတာတွေကို ဘယ်နေရာရောက်ရောက် အလွယ်တကူ ကြည့်နိုင်ဖတ်နိုင်ဖို့ ကိုယ်ပိုင် Android application Apk လေးဖန်တီးကြရအောင်ပါ။ 
ဘာမှမခက်ခဲပါဘူး။ လုပ်ကြည့်ရင် လွယ်လွယ်လေးပါပဲ။ ဘာကုဒ်မှမလိုပါဘူး။ register လုပ်ဖို့ အကောင့်တစ်ခုသာ လိုပါတယ်။ www.appyet.com မှာ အကောင့်သွားလုပ်ရမှာပါ။
အကောင့်မလုပ်ခင် ကိုယ်ဖန်တီးမည့် ဝဘ်ဆိုက်ရဲ့ RSS FEED လိပ်စာကို အရင် copy ကူးယူထားရပါမယ်။  အောက်က ပုံတွေအတိုင်း လိုက်လုပ်ပါ...




အထက်က RSS Feeds links ကို Notepad ထဲဖြစ်ဖြစ် copy ကူးယူထားပြီးလျှင် applicationဖန်တီးဖို့အတွက် account လုပ်ပုံ ဖန်တီးပုံတို့ကို အောက်မှာ ပြထားတဲ့ ပုံတွေ အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားလျှင် APK တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ပါလိမ့်မယ်။ အဆင်ပြေကြပါစေဗျာ...။












အခုဖန်တီးပြလိုက်တဲ့ APK လေးကို  ဒီမှာ ဒေါင်းယူပါ။

Friday, 9 August 2013

FastStone Screen Capture Version 7.6+Serial (July 26, 2013)




screen shot ရိုက်ချင် မိမိတို့ကွန်ပြူတာထဲမှာ နည်းပညာနဲပတ်သက်လို့ ဥပမာ ဖုန်းမြန်မာဖောင့်ထည့်ပုံ root ဖောက်ပုံ ဖန်းဝဲ တင်ပုံ စတာ လေးတွေပေါ့ အဲဒါလေးတွေကို ပုံအဖြစ်ရိုက်ယူမလား video record လုပ်ယူမလား စတာတွေ အကုန်ရပါတယ်။ သုံးရလွယ်ကူသလို ပေါ့ပေါ့ပါးပါးလေးမို့ ဆောင်ထား သင့်တဲ့ software လေးပါ။ နောက်ဆုံးထွက် ဗားရှင်းလေးပါ။ အောက်ကလင့်တွေမှာဒေါင်းနိုင်ပါတယ်။

Snagit Editor v.11 & Quick Screen Capture v.3.0 with key



ကွန်ပြူတာသမားများအတွက် အကြိုက်တွေ့နှစ်ခြိုက်စေမယ့် တကယ်ကို လိုအပ်တဲ့ ဆော့ဖ်ဝဲလေးတွေပါ။ အစကတော့ တစ်ခုချင်း တင်ပေးမလို့ပါပဲ။ လိုင်းကောင်းတုန်း နှစ်ခုစလုံးတင်ပေးလိုက်တာပါ။ ဘာလုပ်တဲ့ဆော့ဖ်ဝဲတွေလည်းဆိုတာကတော့ ရှင်းပါတယ်။

 ဒီဆော့ဖ်ဝဲတွေနဲ့ စိမ်းလည်းမစိမ်းကြဘူးထင်ပါတယ်။ capture လုပ်တဲ့ program တွေပါပဲ။ နှစ်မျိုးစလုံးမှာ အားသာချက် အားနည်းချက်တွေရှိမှာပါ။

 နှစ်ခြိုက်ရာ အသုံးပြုကြပေါ့။နောက်ဆုံးထွက် ဆော့ဖ်ဝဲတစ်ခုဒေါင်းပြီး activate ဖြစ်တဲ့ကီးရဖို့က မလွယ်ပါဘူး။ ထည့်ကြည့်လိုက် မရရင်ထပ်ရှာကြည့်လိုက်နဲ့ တစ်ခါတလေမှာဆို တနေကုန် တိုင်ပတ်ပါတယ်။ အဆင်ပြေတဲ့အခါကျတော့လည်း ချောလို့ပေါ့ဗျာ။ 

 အခုအဲဒီအဆင်ပြေတာလေးတွေတွေ့လို့ ကီးနှင့်တကွ သူငယ်ချင်းတို့အတွက် share လိုက်တာပါခင်ဗျာ...။ rar ဖိုင်ကို password နဲ့ ချုပ်ထားပါတယ်။ password ကို thitsawun ထည့်လိုက်ရင်ရပါပြီ။ 


Maxidix Wifi Suite + patch







ဘာလုပ်တဲ့ဆော့ဝဲလည်းတော့ ပြောစရာသိပ်မလိုဘူးထင်ပါတယ် ကျွန်တော်လည်း မသုံးဖူးဘူး။ အခုမှသုံးကြည့်ဘူးတယ်။ wifi လွင့်လို့ရတယ်။ ကိုယ်ဉာဏ်ရှိသလို သုံးရအောင်ပါ။ ပုံကိုကြည့်လိုက်တာနဲ့ ဘယ်အတွက် သုံးရမယ်ဆိုတာ သိသာပါတယ်။ အသုံးကျမယ်ထင်လို့ တင်လိုက်တာပါ။ နှစ်သက်သူ ညီအစ်ကိုများ ယူသွားကြပါ။ install လုပ်ပြီး တခါတည်း မ run သေးပဲ IREC ဆိုတဲ့ patch ဖိုင်လေးကို C:>program files (x86) ထဲမှာရှိတဲ့ Maxidix Wifi Suite folder ထဲမှာ paste လုပ်ပြီး patch ဖိုင်ကို double click နှိပ်ပြီး patch ကို နှိပ်လိုက်ရင် fullversion ဖြစ်သွားပါပြီ။ ပြီးမှ သုံးကြည့်ပါ။ ဘာတွေကောင်းသလဲ သုံးကြည့်ပေါ့ဗျာ။ အဆင်ပြေ၍ အသိပညာများ တိုးပွားကြပါစေ...။

zippyshare

UltraSurF V.13.01 Portable (Proxy Software)

 
 
 
 
 အင်တာနက်သုံးသူတွေ တခါတရံ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေရှိတတ်ပါတယ်။ အများဆုံး မိမိတို့လိုချင်တဲ့ ဆော့ဖ်ဝဲတွေဒေါင်းတဲ့အခါ ကြားခံဆိုက်တွေကြောင့် download page ကို တော်တော်နဲ့မရောက်ဘူး။ try again ချည်းပဲလုပ်ခိုင်းနေတော့တာပါ။ အများဆုံး skip လုပ်ရတဲ့ adfly ပေါ့။အဆင်ပြေတဲ့အခါ ပြေပါတယ်။ တခါတလေကျတော့လည်း ဘာဖြစ်တယ်မသိပါဘူး။ problem loading page ဆိုပြီး try again လုပ်နေတော့တာပါပဲ။
 
 အဲဒီလိုမျိုးကြုံတဲ့အခါ အခုပေးထားတဲ့ ဆော့ဝဲလေးက အထောက်အကူဖြစ်ပါတယ်။ သူ့ကိုသာ run ထားပြီး ကျော်ခွသုံးတတ်မယ်ဆိုရင် စိတ်မညစ်ရတော့ဘူးပေါ့ဗျာ။ တခါတရံဖြစ်တဲ့ အခက်အခဲလေးတွေကို ဖြေရှင်းဖို့ပေါ့။ ဒီကောင်လေးနဲ့ ချိန်ညှိပြီး firefox ရဲ့option>Advanced>Network>setting မှာ proxy လေးတွေ change ပြီး သုံးနိုင်ရင် အဆင်ပြေပါတယ်ခင်ဗျာ။ 
ပြီးတော့ ဒီကောင်ကို ဖွင့်လိုက်တာနဲ့ IE browser ပွင့်လာပါလိမ့်မယ်။ ဒါဆို IE browser မှာ ကျော်ချင်တဲ့ လိပ်စာထည့်ပြီး ကျော်နိုင်ပါတယ်။ လိုချင်ရင် အောက်က လင့်တွေမှာ ဒေါင်းသွားပါ။
 
 
 
 

Wednesday, 7 August 2013

Samsung Galaxy s3 style Custom Rom for GT-S5830i (Custom Rom တင်နည်း)

Samsung Galaxy S3 style နဲ့ လန်းချင်သူများ အတွက် Android 2.3.6 version Samsung Galaxy GT-S5830i အတွက် Custom Rom တင်နည်း အသေးစိတ်ဖြစ်ပါတယ်။ လန်းချင်သူများ အောက်မှာ ပေးထားတဲ့ links တွေကို ပထမဦးဆုံး ဒေါင်းရပါမယ်ခင်ဗျာ။

(1) Rom zip click here         
(2) CWM zip click here  
(3) flash player zip click here  
(4) app_talk zip  click here             

(4) လင့်ကိုတော့ လိုရမယ်ရထည့်ပေးလိုက်တာပါ။ အကယ်လို့များ rom တင်ပြီးမှ gtalk ပါမလာလျှင် CWM ကနေ ဝင်ပြီး ထည့်သွင်းနိုင်အောင်မို့ပါ။ ကဲ...စလိုက်ကြရအောင်ပါ.....အထက်မှာ ပေးထားတဲ့ လင့် တွေကို ဒေါင်းပြီးပြီဆိုရင် ဖုန်းကို  ကွန်ပြူတာနဲ့ ချိတ်ရန်အတွက် setting>>Unknown Source ကိုအမှန်ခြစ်ပေးပါ။ ထိုမှတစ်ဆင့် အောက်နားက applications>>Development>>USB debugging မှာလည်း အမှန်ချစ်ပေးပါ။ ပြီးလျှင် ဖုန်းနဲ့ကွန်ပြူတာကို ချိတ်ဆက်လိုက်ပါတော့။

ချိတ်မိသွားပြီဆိုလျှင်  Gt-s5830i ရဲ့ External SD Card ထဲကို စောစောကဒေါင်းထားတဲ့ zip ဖိုင်များကို copy ကူးထည့်ပါ။ အမှန်တော့ SD Card ကို ဖြူတ်ပြီး card reader နဲ့ ကူးထည်းရင်လည်းရပါတယ်။ ဒါပေမယ့် ဖုန်းနဲ့ ကွန်ပြူတာ ချိတ်ဆက်တတ်ရန်အတွက် setting ကနေ အဆင့်ဆင့် ချိတ်ဆက်ပုံကို ညွန်းရခြင်းဖြစ်ပါတယ်။ ဒါကလည်း ဒီနည်းအတူ အခြားသော android phone တွေကို လည်း ကွန်ပြူတာနဲ့ ချိတ်ဆက်တဲ့အခါ လုပ်ဆောင်ရမည့် အနေအထားလေးတွေကို သိစေလိုလို့လည်းဖြစ်ပါတယ်။

copy ကူးထည့်ပြီးပြီဆိုရင် ဖုန်းကို ကွန်ပြူတာက ဖြုတ်လိုက်ပါ။ ပြီးရင် power off(ပါဝါပိတ်ပါ)။ခဏနေရင်  CWM သွင်းဖို့အတွက် ဖုန်းရဲ့ Home key+Volume up+power button တို့ကို တစ်ပြိုင်နက် ဖိနှိပ်ထားလိုက်ပါ။ Recovery mode option ကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာမှ apply update from sd card ကို volume down key နဲ့ ရွေးပေးပါ။ ပြီးရင် ClockworkRec.zip ကို ရွေးပေးပြီး install လုပ်ပါ။ 

ပြီးရင် wipe data / reset  ကိုရွေးပေးပြီး yes လုပ်ပါ။ နောက်ထပ် volume key နဲ့ “advanced>Wipe Dalvik Cache>yes လုပ်ပါ။ နောက်တစ်ခါ Return to  main menu ပေါ့။  main menu ကိုပြန်သွားပြီး 
“mounts and storage> format /system> yes” လုပ်လိုက်ပါ။ ပြီးရင် mount /system  ကို ရွေးနှိပ်လိုက်ရုံပါ။ unmount လုပ်လိုက်ခြင်းပါပဲ။ အဲဒီကမှ နောက်ကို(main menu )ကို ပြန်သွားပြီး

အဆင့်ဆင့်  “install zip from sd” >> “choose zip from sd card”>>MindCr_Rom_v2.4_1.zip ဖိုင်ကို ရွေးပေးလိုက်ပါ။ စတင်၍ Rom ကို install လုပ်နေပါပြီ။ complete ဖြစ်သည်အထိစောင့်ပါ။ အားလုံးပြီး သွားပြီးဆိုလျှင် Reboot System Now ကို ရွေးပေးပြီး Reboot ချလိုက်ပါ။ တစ်ခါတရံ Rom တက်တာ ကြာတတ်ပါသည်။ ဒါကြောင့် အားလုံး ပြီးသည်အထိ စိတ်ရှည်ရှည်ထားပြီး စောင့်နေပေးပါ။ 

ခဏလောက်အကြာမှာတော့ Rom အသစ်လေးနဲ့ လန်းနိုင်ပါပြီး ခင်ဗျာ။ အဲဒီအထဲမှာ Flash player နဲ့ Gtalk အတွက် ဖိုင်နှစ်ဖိုင်းကျန်းပါသေးတယ်။ phone screen ပေါ်မှာ ရှာကြည့်ပါ။ Gtalk ရှိနေရင် ထည့်စရာမလိုပါဘူး။ flash player ပဲ ထည့်ရမှာပါ။ ထည့်တော့မယ်ဆိုရင် စောစောက လိုပါပဲ။

ဖုန်းပါဝါကို ပိတ်ပြီး Volume up +home+power တစ်ပြိုင်တည်း နှိပ်ပြီး Recovery mode ဝင်ပါ။ ClockworkRec.zip ကိုရွေးပေးပါ။ ပြီးရင် install zip from sd>>choose zip from sd>>AFP11-CWM ကို ရွေးပေးပြီး သွင်းလိုက်ပါ။ ပြီးရင် Reboot System Now ပေါ့ ။ အဲဒါဆိုရင် flash player သွင်းပြီးပါပြီး။
အားလုံး s3 style လေးနဲ့ လန်းနိုင်ကြပါစေဗျာ...။

မှတ်ချက်။       ။ မိမိဖုန်း မိမိတာဝန်သာ ဖြစ်ပါသည်။ တစ်ခုခုဖြစ်ခဲ့သော် ကျွန်ုပ်နှင့်လုံးဝမသက်ဆိုင်ပါ။

Monday, 5 August 2013

Driver Genius Profession 12 ကို install လုပ်ပြီး crack file သွင်းနည်း







မိမိကွန်ပြူတာမှာ လိုအပ်တဲ့ driver တွေကို scan စစ်ပြီး ရှာပေး ဒေါင်းပေးနိုင်တဲ့ အကောင်းဆုံး driver ရှာ software တစ်ခုပါ။ အင်တာနက်ပေါ်မှာ full version ဆိုပြီး တင်တင်ပေးနေတာတွေအများကြီးပါပဲ။ ဒါပေမယ့် ဒီဆောဖ့်ဝဲကို အောင်မြင်စွာ run ပြီး သုံးနိုင်ဖို့ ခက်ခဲပါတယ်။ update လုပ်ခိုင်းရတာနဲ့ ကီးထည့်ခိုင်ရတာနဲ့..crack လုပ် ကီးထည့်ပြီး သုံးပြန်တော့လည်း အဆင်မပြေရတာနဲ့ မလွယ်ပါဘူး။ တော်တော်လည်း အသုံးဝင်တဲ့ program တစ်ခုမို့ပါ။

 ဒီကောင်က တော်တော် ထည့်ရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်ရှာခဲ့သမျှထဲတွင် ဒီတစ်ခုပဲ အဆင်ပြေတာတွေ့ရပါတယ်။ crack လုပ် key ထည့်ကြည့်တိုင်း ဘယ်တော့မှ အဆင်မပြေခဲ့ပါဘူး။ အခုဟာက လုံးဝအဆင်ပြေတဲ့ဟာလေးမို့ အခုလို တင်ပေးလိုက်တာပါ။ ပထမဆုံး အင်တာနက်ကို ပိတ်ထားပါ။ အင်တာနက်မပိတ်ရင် update install လုပ်တတ်တာမို့ crack ဖိုင် သုံးမရပဲဖြစ်တတ်ပါတယ်။ ဒေါင်းလို့ရလာတဲ့ ဖိုင်(rar)ကို ဖြေလိုက်ပါ။ Driver.Genius.Professional.Edition.v12.0.0.1211.Cracked ဆိုတဲ့ folder လေးထွက်လာပါလိမ့်မယ်။ 
 
အဲဒီထဲကမှ DG_Setup ကို အင်စတောလုပ်ပါ။
အင်တာနက်ပိတ်ထားတာမို့ update မလုပ်နိုင်ပါဘူး။ retry နဲ့ next ကိုရောက်ရင် next ပဲရွေးပေးပါ။ finish ရောက်ရင် အပေါ်နားက run မှာ ခြစ်ထားတဲ့ အမှန်ခြစ်ကို ဖြုတ်ပြီး ပိတ်လိုက်ပါ။ ပြီးရင် Crack ဆိုတဲ့ ဖိုဒါထဲက ဖိုင်သုံးခုကို copy ကူးပြီး C:>> Program Files (x86)>>Driver-Soft>>DriverGenius အဆင့်ဆင့်သွားပြီး DriverGenius ထဲမှာ စောစောက copy လုပ်ထားတဲ့ ဖိုင်သုံးဖိုင်ကို paste လုပ်လိုက်ပါ။ message box တစ်ခုတက်လာရင် အပေါ်ဆုံးက copy and replace လုပ်၍ continue လုပ်ပါ။ ပြီးရင်DriverGenius အစိမ်းရောင် ဖိုင်လေးကို နှစ်ချက်ကလစ်ပြီး run ကြည့်လိုက်ပါ။ ဘာကီးမှ မလိုတော့ပါဘူး။

အင်တာနက်ဖွင့်၍ အဆင်သင့် သုံးလို့ရပါပြီခင်ဗျာ....။ အကယ်၍များ update တောင်းလာခဲ့သော် မလုပ်ပါနဲ့ ဒီအတိုင်းပဲဆက်သုံးပြီး သူရှာပေးတဲ့ driver တွေကို ဒေါင်းလုပ်လုပ်ရုံပါပဲ။ အားလုံး အဆင်ပြေကြပါစေဗျားးးးးးးးးးး

လေးစားစွာဖြင့်..........

(Tutorial video link) click here

(Downloadlink) click here     

Thursday, 18 July 2013

Android သမားများအတွက် လိုအပ်ရာရာများ

(၁) Z Player Full APK  ဒီမှာ ဒေါင်းပါ။

(၂) AndroZip™ Pro File Manager ...v4.6.5.zip ဒီမှာ ဒေါင်းပါ။

(၃) KiesSetup.rar ဒီမှာ ဒေါင်းပါ။( PC အတွက်)

(၄) စာအုပ်တွေဖတ်ဖို့ Moon reader APK ဒီမှာ ဒေါင်းပါ

(၅)  fast stone capture+ serial.rar ဒီမှာ ဒေါင်းပါ (PC အတွက်)

(၆) Winamp(apkfull) v2... PRO .zip ဒီမှာ ဒေါင်းပါ

(၇) LPIN PLAYER PRO (apkfullapp...1.0.3 .zip ဒီမှာ ဒေါင်းပါ