Tuesday, 13 August 2013

How to Root and Unroot Samsung Galaxy Y ( S5360)

Samsung Galaxy Y ကို Root ကြတော့မယ်ဆိုရင် အရင်ဆုံး မိမိကွန်ပြူတာမှာ ဖုန်းနှင့်ကွန်ပြူတာ ချိတ်ဆက်နိုင်ရန်အတွက် Driver တော့ မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒီအတွက် Samsung Kies ကို စက်ထဲမှာ install လုပ်ပေးထားရင် အဆင်ပြေနိုင်ပါတယ်။ kies ဟာ support ဖြစ်တဲ့ဖုန်းတွေကို firmware မြင့်ပေးနိုင်ရုံတင်မက Driver ကိုလည်း ရှာပြီး insatll လုပ်ပေးနိုင်ပါတယ်။ 
 ဒါကြောင့် kies ကို ဒီမှာ ဒေါင်းပါ။ စက်က Driver သိပြီးသားဆိုရင်တော့ မလိုဘူးပေါ့ဗျာ။ 

အဲဒါတွေပြီးသွားရင် ဖုန်းကို Root ဖောက်ရန်အတွက် Root zip ဖိုင်နှင့် CWM zip ကိုဒေါင်းပါ။ အောက်မှာ နေရာလေးနေရာကနေ လင့်ကိုတင်ပေးထားပါတယ်။ အဆင်ပြေတဲ့ လင့်ကနေ ဒေါင်းယူပါ။ 

Root zip  ဖိုင်းလင့်များ



 CWM zip ဖိုင်လင့်များ


ဒေါင်းပြီးသွားပြီဆိုရင် ဖုန်းရဲ့ External SDcard ထဲကို ကူးထည့်ဖို့ Setting ထဲမှ Unknown Source ကို (ON)အမှန်ခြစ်ပေးပါ။ ပြီးတော့ Development >>usb debugging ကိုလည်း (ON) အမှန်ခြစ်ပေးပါ။ ပြီးရင် ကွန်ပြူတာနဲ့ဖုန်းကိုချိတ်လိုက်ကာ ဖုန်းရဲ့ Notification ဘားကို ဆွဲချပြီး usb နဲ့ချိတ်ထားတဲ့ စက်ရုပ်ပုံလေးကိုနှိပ်ပြီး ကွန်ပြူတာမှာ Sdcard ပေါ်အောင်လုပ်ပါ။ အဲဒီလိုလုပ်ပြီးရင် စောစောက ဒေါင်းထားတဲ့ Root zip file & CWM zip files တွေကို External SDcard ထဲကူးထည့်ပြီး။ ဖုန်းကို ဖြုတ်လိုက်လို့ရပါပြီ။

Root မယ့်အပိုင်းကို စပါတော့မယ်။ ဒါကြောင့် ဖုန်းပါဝါကို ပိတ်လိုက်ပါ။ အဲဒီကမှတစ်ဆင့်  ဖုန်းရဲ့ Vol Up + Power Key + Home button တို့ကို ပြိုင်တူနှိပ်ပြီး recovery mode ဝင်လိုက်ပါ။ အဲဒီမှာ Touch screen နဲ့ အလုပ်လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် Vol up & Vol down ကီးတွေနဲ့ပဲ အထက်အောက် ရွေ့လျား အသုံးပြုရမှာပါ။ သိပြီးသားဖြစ်ကြပါလိမ့်မယ်။ မရင်းနှီးသေးသူများအတွက်ရော အခုလို အသေးစိတ် ပြောပြနေရခြင်းဖြစ်ပါတယ်။ 

Recovery mode ရောက်သွားပြီဆိုရင်........


အဲဒီလိုတွေ့ရမှာပါ။ အဲဒီမှာမှ CWM zip ကို အရင်သွင်းဖို့ Vol down key နဲ့ ဒုတိယမြောက် update from Sdcard ကို ရွေးပြီး home button ကိုနှိပ်လိုက်ပါ။ ပြီးရင် CWM zip ကိုရွေးပေးလိုက်ပြီး home key ကိုပဲနှိပ်လိုက်ပြီးစောင့်နေလိုက်ပါ။ CWM သွင်းပြီး ဖြစ်သွားပါမည်။ နောက်တစ်ဆင့် apply update from sdcard>>choose zip from sdcard>>Root galaxy y zip ကို ရွေးပေးပြီး home key ကို နှိပ်လိုက်ကာ အင်စတောပြီးသည်အထိ စောင့်နေလိုက်ပါ။

 ပြီးသွားပြီ ဆိုရင် Reboot system now ကို ရွေးပေးပြီး Reboot လုပ်လိုက်ပါ။ အချိန် ၅မိနစ်ခန့် သို့မဟုတ် ထို့ထက်လည်း မြန်နိုင်ပါသည်။ ဖုန်း boot တက်လာသည်အထိ စောင့်နေပေးပါ။ တက်လာပြီဆိုရင် သင့်ဖုန်းဟာ super user လေးနဲ့ Root လုပ်ပြီးသားဖြစ်နေပါလိမ့်မယ်။

Superuser and open it.>>>Goto Menu > Preferences > SU Binaries>>> SU Binaries will update.   When it get updated, restart your phone.
You’re done! Your phone is now rooted. :D



How To Unroot Samsung Galaxy Y

download below links :)

unroot zip files များ

 zippyshare   Mediafire  4shared  Solidfiles  


အထက်က zip ဖိုင်တွေကို ဒေါင်းပြီး Ext sdcard ထဲကို ကူးထည့်ပါ။ ပြီးရင် ဖုန်းကို ပိတ်ပြီး Vol up +home+power ပြိုင်တူနှိပ်ပြီး recovery mode ကို ဝင်လိုက်ပါအဲဒီမှာ မှ Select "Choose zip from sdcard" >> Unroot.zip >> After installation complete Reboot System Now. အဲဒါဆိုရပါပြီခင်ဗျာ။  
အခုပို့စ်ထဲမှာ ချို့ယွင်းချက် ကွဲလွဲချက် တစ်စုံ တစ်ခုရှိခဲ့သော် နားလည် ခွင့်လွတ်စေချင်ပါသည်။ 
အားလုံး နည်းပညာအသိ တို့ တိုးပွား၍ ငွေကုန်ကျေးကျ များခြင်းမှ လွန်မြောက်နိုင်ကြပါစေဗျား....

Monday, 12 August 2013

အသစ်ထွက် android apk များ


Download from Mediafire


အရမ်းမိုက်ပါတယ်။ ဓာတ်ပုံလေးတွေနဲ့ စကားပြောချင်သူများအတွက် ပျော်စရာလေးတွေပေါ့။ 3D ဆိုတော့ ရုပ်ထွက်တော်တော်ကောင်းတဲ့ app လေးပါပဲ။ နှစ်သက်ရင် ဆွဲသွားကြဗျာ...။

C Locker Pro v2.3.5 Apk Full App



ဒါကတော့ C Locker Pro v2.3.5 Apk Full App လေးပါ။  သုံးကြည့်ရင် သိမှာပါ။ ပုံမှာမြင်ကြတဲ့ အတိုင်းပါပဲ။ ရေးမနေတော့ဘူးဗျာ။ သိမှမသိတာ :D

Download from Mediafire


Smart Tools v1.6 Apk Full App

 Download From Mediafire


Viber For PC ( Portable ) 29.33MB





 လာပါပြီဗျာ ကွန်ပြူတာအတွက် Portable viber လေးကို ဖန်းတီးကြည့်တာ အဆင်ပြေသွားလို့ စောင့်မျှော်နေသူများအတွက် တင်ပေးလိုက်ပါပြီ။ တကယ်တော့ ဒီလို portable ဆော့ဖ်ဝဲကို မဖန်တီးတတ်ခဲ့ပါဘူး။ ဒီနေ့မှ viber မြန်မာဖောင့်ရအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း google မှာ မွှေနှောက်နေမိရာက portable ဆော့ဝဲ ဘယ်လိုလုပ်ရမလဲ ဆိုပြီး ပို့တစ်ခုကို ဖတ်ကြည့်မိရာက ကဲမြန်မာစာမရရင်နေတော့ viber ကို portable ဖန်တီးကြည့်ရင် ရနိုင်မလားဆိုပြီး စာလည်းဖတ်ရင်း လက်တွေ့လည်း စမ်းသပ်ရင်းနဲ့ အခုလို portable လေးတစ်ခု ရလိုက်တာပါ။ No need to install ပါပဲ။ :P 

install လုပ်စရာမလိုပါဘူးဗျာ။ ဒေါင်းပြီးရင် ကြိုက်တဲ့နေရာယူသွား ကြိုက်တဲ့ ကွန်ပြူတာမှာဖွင့်သုံးပါ။လုံးဝ အဆင်ပြေပါတယ်။ ကလစ်နှစ်ချက်ပေးပြီး ခဏလောက်စောင့်နေလိုက်တာနဲ့ ပုံမှန်အတိုင်း တက်လာပါလိမ့်မယ်။
ကဲ....အောက်မှာ ဒေါင်းလိုက်ပါဗျာ